Sunday 27 August 2017

အိချောပိုနဲ့မိုးဟေကိုတို့ရဲ့နန်းဆန်တဲ့အလှ



မင်းသမီးချောလေး အိချောပိုကတော့ လက်တလောမှာ “ဖွေးစိန်မ” ဆိုပြီး နာမည်ကြီး နေပါ တယ်။သူမရဲ့ “ပွဲခံမယ်” ဆိုတဲ့ ဇာတ်ကားဟာ ပရိသတ်တွေကြားမှာ နာမည်ကြီး နေပြီး အဲ့ဒီဇာ တ်ကားထဲက ဇာတ်ကောင်နာမည်က” ဖွေးစိန်မ ” ပါ။



နောက်ထပ် နန်းဆန်နေသူကတော့ မိုးဟေကိုပါ။မိတ်ကပ် မေဦး ကိုယ်တိုင် လက်စွမ်းပြထားတဲ့ လက်ရာလေးနဲ့ အရမ်းကို လှပနေတာပါ။မိုးဟေကိုကတော့ အနုပညာလှုပ်ရှားမှုတွေ နည်း နည်းကျဲနေပြီး ခုနောက်ပိုင်းမှာတော့ ကြော်ငြာတွေ ပြန်ရိုက်လာတာကို တွေ့ရပါတယ်။



မြန်မာဝတ်စုံလေးတွေနဲ့ လိုက်တဲ့ အိချောပိုနဲ့ မိုးဟေကိုရဲ့ ရွှေလွန်းလိပ်ပြာ ချိတ်လုံချည် ကြော်ငြာ ရိုက်ကွင်း ပေါ်က ပုံရိပ်တွေကို ဖော်ပြပေးချင်ပါတယ်။





Share:

Thursday 17 August 2017

ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေရဲ့ငယ်ဘဝပုံရိပ်များ



ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေကို တင်းမာတဲ့ မျက်နှာထားနဲ့ ကိစ္စကြီး၊လုပ်ငန်းကြီးတွေကို ကိုင်တွယ်ဖြေရှင်းနေတာပဲ လူအများစု တွေ့ဖူးကြပါလိမ့်မယ်။ သို့ပေမယ့်လည်း သူတို့မှာလည်း အခြားသူတွေလိုပဲ လွတ်လပ်ပေါ့ပါး ပျော်ရွှင်စွာ ဆော့ကစားခဲ့ကြတဲ့ ကလေးဘ၀လေးတွေ ရှိခဲ့၊ပိုင်ဆိုင်ခဲ့ကြပါတယ်။ နိုင်ငံ့ရေးရာအဖြာဖြာများနဲ့ မရှုပ်ထွေးသေးခင် ဖြူစင်တဲ့ကလေးဘ၀တုန်းက သူတို့ရဲ့ရုပ်ပုံလွှာတွေကို မြင်လိုက်ရမယ်ဆိုရင် ခဏတော့ မှင်သက်မိသွားမှာ အသေအချာ ပါပဲ။ ဒါကြောင့် နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ငယ်ဘ၀ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။



Queen Elizabeth II ဖြစ်လာမယ့် ဒီမိန်းမငယ်လေးကတော့ ငယ်စဉ်ကတည်းက တော်ဝင်ဆန်တဲ့ အသွင်နဲ့ ဘုရင်မ တစ်ယောက်ရဲ့ဟန်ပန် ပိုင်ဆိုင်ပြီးသား ဖြစ်တာကို တွေ့ရပါတယ်။



ပုံထဲမှာမြင်နေရတဲ့ ရွှေရောင်ဆံပင်လေးနဲ့ ကောင်ကလေးဟာ ယနေ့မှာ တစ်ကမ္ဘာလုံးကို အံ့အားသင့်အောင် လုပ်ပြနိုင်တဲ့ အမေရိကန်သမ္မတ Donald Trump ဖြစ်လာပါတယ်။



ပုံထဲက ချစ်စရာကလေးမလေးဟာ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တစ်ယောက် ဖြစ်လာမယ့် ဂျာမနီနိုင်ငံရဲ့ အဓိပတိလောင်း လျာလေး Angela Merkel ပဲ ဖြစ်ပါတယ်။



ညီမဖြစ်သူနဲ့အတူ တွေ့ရတဲ့ ချစ်စရာကောင်ကလေးကတော့ အမေရိကန်နိုင်ငံရဲ့ ရာဇ၀င်တွင်မယ့် သမ္မတကြီး George W.Bush ဖြစ်လာပါတယ်။



ကြည်လင်တောက်ပတဲ့ အပြုံးနဲ့ ကောင်လေးဟာ တစ်ချိန်မှာ ပုပ်ရဟန်းမင်းကြီး Francis ဖြစ်လာပါတယ်။



အမေရိကန်နိုင်ငံသမိုင်းမှာ လူထုရဲ့မေတ္တာကို ရရှိခဲ့တဲ့ သမ္မတ John Kennedy ရဲ့ ငယ်ဘ၀ကိုတော့ ယခုလိုပဲ ရိုးစင်းပြီး ချစ်စရာကောင်းတဲ့ ကောင်လေးအဖြစ် သူ့ရဲ့အချစ်တော် ခွေးလေးနဲ့အတူ တွေ့ရပါတယ်။



နောင်တစ်ခေတ်မှာ သူ့ရဲ့အကြောင်းတွေကို တစ်ကမ္ဘာလုံးက သိရတော့မယ့် ကောင်လေးကတော့ တစ်ချိန်မှာ ရုရှားနိုင်ငံ ရဲ့ သမ္မတ Vladimir Putin ဖြစ်လာပါတယ်။



လေးနက်တဲ့ မိသားစုမှာ လေးနက်စွာ ကြီးပြင်းလာတဲ့ ကောင်ကလေးကတော့ ဗြိတိန်နိုင်ငံရဲ့ အိမ်ရှေ့မင်းသားကြီး Charles ပဲ ဖြစ်ပါတယ်။



နိုင်ငံရေးလောကထဲ မ၀င်ခင်ကတည်းက မိန်းကလေးထုရဲ့ စံပြအမျိုးသမီးဖြစ်ခဲ့သူလေးကတော့ Hillary Clinton ဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ သမ္မတကတော်ဘ၀ကနေ နိုင်ငံခြားရေးဝန်ကြီးပါ ဖြစ်လာပါတယ်။



အမေရိကန်သမ္မတကြီး ဖြစ်ပေမယ့် လွတ်လပ်ပေါ့ပါးစွာ နေတတ်သူဆိုတာ Barrack Obama ရဲ့ ငယ်ဘ၀ပုံလေးက သက်သေပြနေပါတယ်။

ဒါကတော့ နိုင်ငံခေါင်းဆောင်ကြီးတွေရဲ့ ငယ်ဘ၀ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးနဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ငယ်ဘ၀ပုံရိပ်ဓာတ်ပုံတွေကိုbrightside က မှီငြမ်းထားတာ ဖြစ်ပါတယ်။

အလင်းဦး(shwemom)


Share:

Total Pageviews

မြန်မာလူငယ်သတင်းစုံ. Powered by Blogger.

မြန်မာလူငယ်သတင်းစုံ Download ရယူလိုက်ပါ

အသိပညာဗဟုသုတ

ဗုဒ္ဓစာပေ

Theme Support