
သမိုင်းရသ ချက်ချင်း ခံစားရပြီး ဗဟုသုတရစေရန်အတွက် ရည်ရွယ်ပြီး မြန်မာ့ရှေးဟောင်းဓာတ်ပုံများကို စုဆောင်းတင်ဆက်ပေးလျှက်ရှိပါသည်။
၁၈၉ဝ ခုနှစ်က တွေ့မြင်ရသော မန္တလေးကျုံးဘောင်ပေါ်ရှိ ဗြိတိသျှတပ်ရင်းတစ်ခု။

၁၈၈၅ ခုနှစ်က မန္တလေးတွင် တွေ့မြင်ရသော ဗြိတိသျှ ခြေမြန်တပ်ရင်းတစ်ခု။

၁၈၈၅ ခုနှစ်၊ နိုဝင်ဘာ လလယ်က ဗြိတိသျှတို့ တိုက်ခိုက်မှုကြောင့် အတုန်းအရုံးကျဆုံးခဲ့ကြသော မင်းလှခံတပ်။ ဓာတ်ပုံဆရာ Hooper, Willoughby Wallace (1837–1912)

၁၈၈၅ ခုနှစ်၊ မင်းလှခံတပ်ကျဆုံးပြီးနောက် မြန်မာ့အမြောက်များနှင့် ဗြိတိသျှစစ်သည်များ
။
၁၈၈၅ ခုနှစ်က ဧရာဝတီမြစ်အတွင်း တွေ့မြင်ရသော သီပေါမင်း၏ မီးသင်္ဘောကြီး။ (့သီပေါမင်းကို ခေါ်ဆောင်သွားသည့် သင်္ဘော)

ပါတော်မူပြီးနောက်ပိုင်း အင်္ဂလိပ်အရာရှိများနှင့် မြန်မာရွာသားများ။

ပါတော်မူပြီးနောက်ပိုင်း မန္တလေးကျုံးကို (မြောက်ဘက်ခြမ်းမှ) မြင်ရစဉ်။

ပါတော်မူပြီးနောက်ပိုင်း စစ်ကိုင်းနှင့် အမရပူရအကြား ဧရာဝတီမြစ် အရှေ့ဘက်ကမ်း နဖူးပေါ်မှ ရွှေကြက်ယက်ဘုရား။

၁၈၈၅ နောက်ပိုင် ဝန်းကျင်က မန္တလေး မဟာမြတ်မုနိဘုရား ပရဝုဏ်အတွင်းမှ ဆွမ်းခံကိုရင်တစ်ပါး။

ပါတော်မူပြီးကာခါစ မန္တလေး မြနန်းစံကျော် ရွှေနန်းတော်ကြီး ဗဟိုဆောင်။

PannPwint